Wednesday 8th of September 2010
06
pic8
theravada
logo8
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday1
mod_vvisit_counterYesterday26
mod_vvisit_counterThis week59
mod_vvisit_counterLast week73
mod_vvisit_counterThis month97
mod_vvisit_counterLast month477
mod_vvisit_counterAll days8480
We have 1 guest online

လှူတော့ လှူပါရဲ့ PDF Print E-mail
Monday, 04 January 2010 04:03

light-graffiti-13ဒါနတော ဘောဂဝါ - “လှူရင် ချမ်းသာမယ်” တဲ့။ လှူလိုက်တယ်။ အကျိုးဆက်ကြောင့် ချမ်းသာတယ်။ ဒါပေမယ့် ချမ်းသာခြင်းနဲ့အတူ ပြည့်စုံမှုအားလုံးကို ဘာကြောင့် ဆွဲမခေါ်နိုင်ခဲ့ရတာလဲ။ လှပခြင်း၊ သြဇာကြီးခြင်း၊ လိုတရခြင်း၊ ရောဂါကင်းပြီး ကောင်းတာတွေကို စိတ်တိုင်းကျ သုံးဆောင်ရခြင်း၊ ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ခြင်း… ဒါတွေမပြည့်စုံဘဲနဲ့ရော မိမိရဲ့ ချမ်းသာကြွယ်ဝမှုက အဓိပ္ပါယ်ရှိမှာလား။ ပိုက်ဆံတစ်ခုတည်းရှိပြီး ဒီအချက်တွေ ကင်းကွာနေရင် ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်ပါ့မလဲ။ ကိုယ့်မှာမရှိတာတွေ သူများမှာရှိနေတာကိုမြင်ပြီး (ငွေနဲ့ ၀ယ်မရတဲ့ အရာတွေကို) ၀ယ်ယူဖို့ ကြိုးစားရင်း ဣဿာတွေ ထိန်းမရဖြစ်ပြီးတော့ အပါယ်လေးပါးမှာပါ ခေါင်းမြုပ်သွားနိုင်ပါတယ်။ ဒီတော့ မိမိတို့ ပုထုဇဉ်တွေ မကင်းနိုင်သေးလို့ သံသရာခရီးကို လျှောက်ရတဲ့အခါ ကျော့ကျော့လေး ဖြတ်သန်းနိုင်ဖို့ ချမ်းသာပြည့်စုံမှုရဲ့ အကြောင်းတရားတွေ ရှာကြည့်ရအောင်…။

Read more...
 
ပေးဆပ်သူများ PDF Print E-mail
Thursday, 31 December 2009 11:34

imagesမိဘ၊ ဆရာသမား စတဲ့ အနန္တော အနန္တ ကျေးဇူးရှင်များအပေါ် တချို့ တချို့ရဲ့ ခံယူချက်ကလေးတွေ နည်းနည်း လွဲနေသလားလို့ပါ။ မိဘဆရာသမားတို့ ပစ္စည်းဥစ္စာ ပြည့်စုံနေလို့၊ သူတို့က မပြည့်စုံလည်း သူတို့ကို ထောက်ပံ့ကူညီနေသူတွေရှိနေလို့၊ ပြုစုမယ့်သူတွေ ဝိုင်းဝိုင်းလည်နေလို့ ကိုယ်ကလှည့်မကြည့်မိတာမျိုး။ အဲဒါလေးတွေပါ..။ မိမိကို ပေးထားကြသူတွေကို မိမိက ပြန်မဆပ်မိသေးတာမျိုးပါ။

တချို့က ငွေအား မတတ်နိုင်လို့၊ တချို့က လူအား မတတ်နိုင်လို့။ အဲဒီလို “မတတ်နိုင်လို့” ဆိုတဲ့ အကြောင်းပြချက် ပေးတဲ့သူတွေလည်း ရှိပါတယ်။ သေချာစဉ်းစားကြည့်ရင် ကိုယ်တတ်နိုင်တာ တစ်ခုခုတော့ ရှိမှာပါ။ ငွေကြေးပစ္စည်း မထောက်ပံ့နိုင်ရင် လူကိုယ်တိုင်သွားပြီး ပြုစုတာမျိုး။ လူကလည်း မအားရင် ဖုန်းဆက်တာမျိုး၊ စာရေးတာမျိုး၊ စကားကြုံပါးတာမျိုး စသဖြင့်... ကြံဖန်ပြီး ဂရုစိုက်မယ်ဆိုရင် အများကြီးပါ။

Read more...
 
လိုတရ PDF Print E-mail
Monday, 14 December 2009 13:34

AN7FWA-still-life_of_a_pink_flower_on_a_blue_spoonလိုတဲ့နေရာမှာ လိုသလို ဖြည့်ဆည်းပေးခြင်းဟာ ဘယ်လောက် အကျိုးများတယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ မလိုတာတွေကို ဖြည့်မိပြီး အကျိုးရှိသင့်သလောက်မရှိ အလကားနီးပါး ဖြစ်သွားရတာတွေလည်း မနည်းလှပါဘူး။

မဆာတဲ့သူတွေ၊ စားစရာပေါတဲ့သူတွေ၊ ပြည့်စုံလွန်းတဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဖိတ်ကြားကျွေးမွေး လက်ဆောင်ပေး ဂုဏ်ယူတတ်ကြပါတယ်။ တကယ်ဆာ၊ တကယ်လိုအပ်နေတဲ့ သူတွေကိုတော့ သီးသန့်မဟုတ်တောင် ကိုယ်စားမယ့်၊ ကိုယ်သုံးမယ့်အထဲက နည်းနည်းလောက် ဖဲ့ကျွေးလိုက်ဖို့၊ ပေးလှူလိုက်ဖို့ သတိရသူ ရှားလှပါတယ်။ လိုအပ်လွန်းလို့၊ ဆာလွန်းလို့ လာတောင်းရင်တောင် ရွံရွံရှာရှာနဲ့ မောင်းထုတ်ခိုင်းမိကြပါတယ်။

Read more...
 
အပြစ် ရှုသင့် မရှုသင့် PDF Print E-mail
Tuesday, 08 December 2009 16:17

flowersအပြစ်ကိုသာ မရူရာ

ပရဝဇ္ဈာ နုပဿိဿ၊ နိစ္စံ ဥဇ္ဈာန သညိနော၊

အာသဝေါ တဿ ၀ဎုန္တိ၊ အာရာ သော အာသဝက္ခယာ။

(ဓမ္မပဒ၊ မလဝဂ်၊ ဥဇ္ဈာနသညိတ္ထေရဝတ္ထု)

သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏။ ထိုသူသည် အာသဝေါကုန်ခြင်း (နိဗ္ဗာန်မှ ဝေးကွာ၏။

န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ၊

အတၱေနာဝ အေဝေကၡယ်၊ ကတာနိ အကတာနိစ။

(ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ပါဝေယျအာဇီဝကဝတ္ထု)

သူတစ်ပါးတို့၏ မလျော်သောအမှုတို့ကို မရှုမဆင်ခြင်ရာ။ ကောင်းမှု၊ မကောင်းမှု ပြု/မပြုကို မရှုမဆင်ခြင်ရာ။ မိမိပြုပြီးသော ကောင်းမှု တို့ကိုလည်းကောင်း၊ မပြုရသေးသော ကုသိုလ်တို့ကိုလည်းကောင်း ကြံတွေးဆင်ခြင်ရာ၏။

Read more...
 
တစ်ထိုင်တည်း တရားနာရုံနဲ့ ဘာလို့ တရားထူးရ PDF Print E-mail
Sunday, 29 November 2009 19:14

buddha_sky_water(၁) ဟောသောတရားတော်နှင့် အလိုအဇ္ဈာသယ ကိုက်ညီသွားသောအခါ....။

(၂) သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဟူသော ဣနြေ္ဒတို့ ရင့်ကျက်သောအခါ...။

တစ်ထိုင်တည်း တရားထူးရတတ်ပါသည်။

အာသယာနုသယဥာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဥာဏ်တို့ကို ဘုရားရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်ပါသည်။ တရားနာသူတို့၏ ဣနြေ္ဒအနုအရင့်၊ အလိုအဇ္ဈာသယကိုကြည့်၍ ဟောသောကြောင့်လည်း ဘုရားရှင်လက်ထက်က တစ်ထိုင်တည်း တရားနာကာ တရားထူးရသွားကြသူ များရခြင်း ဖြစ်ပါသည်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 Next > End >>

Page 3 of 9