Wednesday 8th of September 2010
06
pic8
theravada
logo8
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday25
mod_vvisit_counterYesterday10
mod_vvisit_counterThis week66
mod_vvisit_counterLast week78
mod_vvisit_counterThis month95
mod_vvisit_counterLast month477
mod_vvisit_counterAll days8478
We have 1 guest online

သိက္ခာရှိတဲ့သူ PDF Print E-mail
Sunday, 11 October 2009 03:48

lotusq

More is the treasure of the Law than gems;
Sweeter than comb its sweetness: its delights
Delightful past compare. Thereby to live
Hear the Five Rules aright:
Kill not-for pity’s sake and lest you slay
The meanest thing upon its upward way.
Give freely and receive, but take from none
By greed, or force, or fraud, what is his own.
Bear not false witness, slander not, nor lie;
Truth is the speech of inward purity.
Shun drugs and drinks which work the wit abuse;
Clear minds, clean bodies, need no Soma juice.
Touch not thy neighbour’s wife, neither commit
Sins of the flesh unlawful and unfit.
Sir Edwin Arnold
(The Light of Asia)

ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ငါးပါးသီလဟာ အဓိကအရေးအကြီးဆုံး ဖြစ်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး စောင့်ထိန်းရမယ့် ကမ္ဘာစောင့်တရား ငါးပါးဖြစ်ပါတယ်။ မိမိတို့ကို လူရယ်လို့ သတ်မှတ်ပေးတာ ငါးပါးသီလပါ။ ငါးပါးသီလမှ မရှိရင် လူဆိုတာ တိရစ္ဆာန်တွေနဲ့ အတူတူပဲ ဖြစ်သွားမှာပါ။ ဒါ့ကြောင့် ငါးပါးသီလကို "လူ့သိက္ခာ" လို့ ဆိုချင်ပါတယ်။ လူရယ်လို့ ဖြစ်လာတာနဲ့ ငါးပါးသီလဆိုတာလည်း လူ့ခန္ဓာကိုယ်ထဲကို အလိုလို ရောက်ရှိလာပြီးသားပါ။ ဘုရားရှင်ကို အာရုံပြုပြီးတော့ပဲဖြစ်ဖြစ်၊ သံဃာတော်တွေ (သို့မဟုတ်) ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ထံမှာပဲဖြစ်ဖြစ် "အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ သမာဓိယာမိ" စသဖြင့် စိတ်က၊ နှုတ်က ရွတ်ဆိုခံယူဆောက်တည်မှသာ လူ့သန္တာန်မှာ ငါးပါးသီလ ၀င်ရောက်ကိန်းတာ မဟုတ်ပါဘူး။ အဲဒီ့လို ပုဂ္ဂိုလ်တစ်ဦးထံမှာ ခံယူဆောက်တည်သည်ပဲဖြစ်စေ၊ မခံယူ မဆောက်တည်သည်ပဲဖြစ်စေ ငါးပါးသီလကတော့ လူဖြစ်လာတာနဲ့ အလိုလို ၀င်ရောက်တည်ရှိနှင့်ပြီးသား ဖြစ်ပါတယ်။
Read more...
 
အကြောင်းမဲ့မဟုတ်၍အပြစ်မဖွဲ့စေချင် PDF Print E-mail
Sunday, 11 October 2009 03:34
lovehateသတ္တဝါတွေဆိုတာ ဘဝများစွာသံသရာ ကျင်လည်နေကြရာမှာ ဆွေမျိုး မတော်စပ်ဖူးသူရယ်လို့ မရှိကြပါဘူး။ မိဘနဲ့ သားသမီးအဖြစ်၊ လင်နဲ့ မယားအဖြစ်၊ မောင်နဲ့ နှစ်မအဖြစ်၊ ဆရာနဲ့ တပည့်အဖြစ်၊ အရှင်နဲ့ ကျွန်အဖြစ် စသဖြင့် မရေမတွက်နိုင်အောင် ဆက်စပ်ဖြစ်ခဲ့ဖူးကြတာချည်းပါပဲ။ မဖြစ်ခဲ့ဖူးတဲ့ တော်စပ်ပုံမျိုးလည်း မရှိပါဘူး။ အနည်းနဲ့ အများပဲ ကွာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပုံစံမျိုးစုံ ကြုံခဲ့ပြီးသားချည်းပါ။
မိဘနဲ့ သားသမီးအဖြစ် ဘဝများစွာ ကြုံတွေ့ကြရဖူးရင်ပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာ မိဘနဲ့ သားသမီး ဖြစ်ခဲ့ဖူးရင်ပဲဖြစ်ဖြစ် မြင်မြင်ချင်း မိဘနဲ့ သားသမီးအရင်းလိုပဲ ချစ်ခြင်း မေတ္တာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီနည်းတူပါပဲ။ လင်နဲ့ မယားအဖြစ် ဘဝများစွာမှာပဲဖြစ်ဖြစ်၊ နီးကပ်တဲ့ ဘဝမှာပဲဖြစ်ဖြစ် တော်စပ်ခဲ့ဖူးရင် (၅၂၈)ထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေ အလိုလို ပေါ်ပေါက်လာတော့တာပါပဲ။ မောင် နှစ်မ သံယောဇဉ် စတာတွေဟာလည်း ဒီနည်းအတိုင်းပါပဲ။
Read more...
 
မဟာပဌာန်းဒေသနာတော်(၂၄)ပစ္စည်းဆုတောင်း PDF Print E-mail
Sunday, 11 October 2009 03:22
image0022

၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား

(လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)

ကောင်းသော အလောဘ၊ အဒေါသ၊ အမောဟတရားများသာ အစဉ်ကိန်းအောင်းနိုင်ရပါစေသား။

၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား

(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)

ကုသိုလ်ဖြစ်ဖွယ် ကောင်းသောအာရုံများနှင့်သာ တွေ့ကြုံရပါစေသား။

Read more...
 
နေရာမှန် PDF Print E-mail
Sunday, 11 October 2009 03:15

meditation-2

Dirt is not dirt, but only something in the wrong place

.အညစ်အကြေးဆိုသည်မှာ အညစ်အကြေးမဟုတ်၊ နေရာမှားသော ပစ္စည်းသာ ဖြစ်၏။
အင်္ဂလိပ် ဝန်ကြီးချုပ် 'လော့ဒ် ပေါလ်မာစတန်'
ဆရာအောင်သင်းရဲ့ ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများထဲက 'မှတ်ထား-တဲ့' ဆောင်းပါးမှာ နေရာမှားခြင်းနဲ့ ပတ်သက်ပြီး ဖတ်လိုက်ရတော့ ရုပ်ဝတ္ထု နေရာမှားတော့ အမှိုက်ဖြစ်သလို စိတ်နေရာ မှားရင်လည်း အမှိုက်ဖြစ်သွားတတ်တာပဲလို့ အတွေးရောက်မိပါတယ်။
Read more...
 
ဘဝပေါင်းများစွာ PDF Print E-mail
Sunday, 11 October 2009 02:49
image004
ဆိတ်တစ်ကောင်သတ်မိလို့ ဆိတ်မွေးနှင့် အညီအမျှ ဘဝပေါင်းများစွာ ပြန်ပြီးအသတ်ခံရတယ်၊ ဆင်းရဲဒုက္ခတွေ ခံစားရတယ်။ ပန်းတစ်ပွင့်လှူ၊ ကြံတစ်ချောင်းလှူ၊ ရေလေးတစ်ခွက်လှူရုံနဲ့ ရှင်ဘုရင်ဘဝ၊ နတ်သား၊ နတ်သမီးဘဝ ရတယ်။ ဘဝပေါင်းများစွာ ချမ်းသာခံစားရတယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား။ ဟုတ်မှ ဟုတ်ပါ့မလား။ မပိုလွန်းဘူးလား။ တစ်ကြိမ်တစ်ခါလေး ပြုမိတဲ့ ကောင်းမှု၊ မကောင်းမှုက ဘဝပေါင်းများစွာ ဒီလောက်ကြီးတောင်မှ အကျိုးပေးနိုင်ပါ့မလားလို့ တွေးမိကြလိမ့်မယ် ထင်ပါတယ်။ ဟုတ်ကဲ့..... ပေးနိုင်ပါတယ်။ နောက်ဘ၀ပေါင်းများစွာကျမှ မဟုတ်ပါဘူး။ အခုလုပ်ရင် အခုချက်ချင်း(စက္ကန့်မခြား)တောင် အကျိုးပေးနိုင်ပါတယ်...။
ရှင်းပြပါဦးမယ်။ ဗုဒ္ဓ အဘိဓမ္မာအရ-
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 Next > End >>

Page 6 of 9