Wednesday 8th of September 2010
06
pic8
theravada
logo8
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday0
mod_vvisit_counterYesterday26
mod_vvisit_counterThis week58
mod_vvisit_counterLast week73
mod_vvisit_counterThis month96
mod_vvisit_counterLast month477
mod_vvisit_counterAll days8479
We have 1 guest online

မဟာပဌာန်းဒေသနာတော်(၂၄)ပစ္စည်းဆုတောင်း PDF Print E-mail
Sunday, 11 October 2009 03:22
image0022

၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား

(လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)

ကောင်းသော အလောဘ၊ အဒေါသ၊ အမောဟတရားများသာ အစဉ်ကိန်းအောင်းနိုင်ရပါစေသား။

၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား

(ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဌဗ္ဗာရုံ၊ ဓမ္မာရုံ)

ကုသိုလ်ဖြစ်ဖွယ် ကောင်းသောအာရုံများနှင့်သာ တွေ့ကြုံရပါစေသား။

Read more...
 
နေရာမှန် PDF Print E-mail
Sunday, 11 October 2009 03:15

meditation-2

Dirt is not dirt, but only something in the wrong place

.အညစ်အကြေးဆိုသည်မှာ အညစ်အကြေးမဟုတ်၊ နေရာမှားသော ပစ္စည်းသာ ဖြစ်၏။
အင်္ဂလိပ် ဝန်ကြီးချုပ် 'လော့ဒ် ပေါလ်မာစတန်'
ဆရာအောင်သင်းရဲ့ ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများထဲက 'မှတ်ထား-တဲ့' ဆောင်းပါးမှာ နေရာမှားခြင်းနဲ့ ပတ်သက်ပြီး ဖတ်လိုက်ရတော့ ရုပ်ဝတ္ထု နေရာမှားတော့ အမှိုက်ဖြစ်သလို စိတ်နေရာ မှားရင်လည်း အမှိုက်ဖြစ်သွားတတ်တာပဲလို့ အတွေးရောက်မိပါတယ်။
Read more...
 
ဘဝပေါင်းများစွာ PDF Print E-mail
Sunday, 11 October 2009 02:49
image004
ဆိတ်တစ်ကောင်သတ်မိလို့ ဆိတ်မွေးနှင့် အညီအမျှ ဘဝပေါင်းများစွာ ပြန်ပြီးအသတ်ခံရတယ်၊ ဆင်းရဲဒုက္ခတွေ ခံစားရတယ်။ ပန်းတစ်ပွင့်လှူ၊ ကြံတစ်ချောင်းလှူ၊ ရေလေးတစ်ခွက်လှူရုံနဲ့ ရှင်ဘုရင်ဘဝ၊ နတ်သား၊ နတ်သမီးဘဝ ရတယ်။ ဘဝပေါင်းများစွာ ချမ်းသာခံစားရတယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား။ ဟုတ်မှ ဟုတ်ပါ့မလား။ မပိုလွန်းဘူးလား။ တစ်ကြိမ်တစ်ခါလေး ပြုမိတဲ့ ကောင်းမှု၊ မကောင်းမှုက ဘဝပေါင်းများစွာ ဒီလောက်ကြီးတောင်မှ အကျိုးပေးနိုင်ပါ့မလားလို့ တွေးမိကြလိမ့်မယ် ထင်ပါတယ်။ ဟုတ်ကဲ့..... ပေးနိုင်ပါတယ်။ နောက်ဘ၀ပေါင်းများစွာကျမှ မဟုတ်ပါဘူး။ အခုလုပ်ရင် အခုချက်ချင်း(စက္ကန့်မခြား)တောင် အကျိုးပေးနိုင်ပါတယ်...။
ရှင်းပြပါဦးမယ်။ ဗုဒ္ဓ အဘိဓမ္မာအရ-
Read more...
 
မျှော်လင့်ချက်သာမထားခဲ့ရင် PDF Print E-mail
Sunday, 11 October 2009 02:38
Expectation
လူတိုင်းမျှာ်လင့်ချက်နဲ့ အသက်ရှင်နေကြတယ်၊ ဘ၀ကိုမျှော်လင့်ချက်နဲ့ အသက်ဆက်နေကြတယ်လို့ဆိုလေ့ရှိကြပါတယ်။မျှော်လင့်ချက်နဲ့ သံသရာလည် နေကြ တယ်လို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။အစားအသောက်ရဖို့မျှော်လင့်ရတယ်။အဝတ်အထည်ရဖို့ မျှော်လင့်ရတယ်။နေရာထိုင်ခင်းရဖို့ မျှော်လင့်ရတယ်။ချစ်ခြင်းမေတ္တာရဖို့ မျှော်လင့်ရတယ်။အောင်မြင်မှုရဖို့ မျှော်လင့်ရတယ်။ ချမ်းသာဖို့မျှော်လင့်ရတယ်။ကျန်မာရေးကောင်းဖို့မျှော်လင့်ရတယ်။အစရှိတဲ့မရေမတွက်နိုင် များစွာသော မျှော်လင့်ချက်တွေနဲ့ ဘ၀ကို လည်ပတ်နေကြပါတယ်။
တစ်စုံတစ်ခု၊တစ်စုံတစ်ရာ၊တစ်စုံတစ်ယောက်ကိုမျှော်လင့်ကြတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေကိုသာမက အရေးပေးခံရမှု၊ ဂရုစိုက်ခံရမှု၊ ကြင်နာယုယမှု၊ ထင်ပေါ်ကျော်ကြားမှု၊ မြတ်နိုးအလေးထားမှု-- စတာတွေကို ရဖို့လည်း မျှော်လင့်နေကြတယ်။ မျှော်လင့်ချက် မရှိရင်၊ မျှော်လင့်ချက် ပျောက်ဆုံးရင်၊ မျှော်လင့်ချက် ကင်းမဲ့ရင် ကိုယ့်ကိုယ်ကို မကျေနပ်ကြပါဘူး။
Read more...
 
သန်လျင်တောရဝိကဿနာမိတ်ဆက်(၁) PDF Print E-mail
Sunday, 11 October 2009 02:30
meditation
ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဆိုပြီး လမ်းသုံးသွယ် ရှိပါတယ်။ ဒါနနဲ့ သီလဟာ ကံလမ်းပါ။ လူ့ပြည်၊ နတ်ပြည် ရောက်စေနိုင်ပါတယ်။ သမထက ဈာန်လမ်းပါ။ ဗြဟ္မာ့ပြည်ထိ ရောက်စေနိုင်ပါတယ်။ ၀ိပဿနာကတော့ ဉာဏ်လမ်းပါ။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်မက နိဗ္ဗာန်အထိ ရောက်စေနိုင်ပါတယ်။ ရုပ်နာမ်သင်္ခါရ တရားတွေဆိုတာ အမြဲတမ်း ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေကြပါတယ်။ မပျက်တဲ့ အမြဲထာဝရ အေးငြိမ်း ချမ်းသာမှုသဘော အသင်္ခတဓာတ် နိဗ္ဗာန်ကို မဂ်ဉာဏ်နဲ့ မျက်မှောက်ပြုနိုင်ဖို့အတွက် အပျက်သင်္ခတတွေဖြစ်တဲ့ စိတ်၊ စေတသိက်၊ ရုပ်ဆိုတဲ့ ရုပ်နာမ်သင်္ခါရတွေကို သိမြင်ဖို့ လိုအပ်ပါတယ်။ ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေတဲ့ ရုပ်၊ နာမ်ဓမ္မ သင်္ခါရတရားတွေကို ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေတဲ့အတိုင်း မြင်အောင်၊ ထင်အောင်၊ သိအောင် အားထုတ်ရှုပွားတာကိုပဲ ဝိပဿနာရှုတယ်လို့ ခေါ်ပါတယ်။ ၀ိပဿနာလို့ ဆိုလိုက်တာနဲ့ သတိပဌာန်က တွဲပါပြီးသားပါ။ သတိပဌာန် မပါဘဲ ၀ိပဿနာ အားထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ သတိပဌာန်လေးပါး ဒေသနာစည်းကမ်းနဲ့ အညီပဲ ၀ိပဿနာ ရှုပွါးရပါမယ်။ သတိပဌာန်မှ လွတ်တဲ့ ၀ိပဿနာရှုနည်းဆိုရင်လည်း အဓမ္မ၀ါဒပဲ ဖြစ်ပါလိမ့်မယ်။
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 Next > End >>

Page 7 of 9