| ဒီအတိုင်းလေး |
|
|
|
| ဓမ္မစာပေများ - ကဗျာများ | ||||||
| Wednesday, 11 November 2009 21:16 | ||||||
|
လုပ်တိုင်းဆင်ပြေ ၀င်ငွေထွားလို့ လာဘပွါးလည်း မကြွားနဲ့လေ…။ အလာဘဆုံ ရှားပါးကြုံလို့ အကုန်များလည်း မဖျားနဲ့လေ…။ ကျော်စောပိုင်နိုင် ခြံရံလှိုင်လို့ သတင်းကြိုင်လည်း မပြိုင်နဲ့လေ…။ ကျော်စောမဲ့ယိုင် မခြံနိုင်လို့ အရံမပိုင်လည်း မငိုင်နဲ့လေ…။ ပြစ်ရှာကားချဲ့ မဲ့ရွဲ့မုန်းလို့ ကဲ့ရဲ့ဖုံးလည်း မနုံးနဲ့လေ…။ ကောင်းမွန်တော်ရာ စာစီကုံးလို့ ချီးမွမ်းတုန်းလည်း မပြုံးနဲ့လေ…။ ကိုယ်စိတ်ကျန်းမာ သုခါထုံလို့ ချမ်းသာပုံလည်း မခုန်နဲ့လေ…။ အနာပေါကာ ရောဂါစုံလို့ ဆင်းရဲကြုံလည်း မဖြုံနဲ့လေ…။ သင်္ချေ သင်္ချာ ကမ္ဘေ ကမ္ဘာမှာ ကောင်းဆိုးနှစ်တန် လောကဓံပစ်ကွင်းထဲက ဘယ်သူများလွတ်ကင်းခဲ့ဖူးလို့လဲ…။ ဒီတော့... နိမ့်မြင့်ဓမ္မတာ ဆုံလေရာ စိတ်တက်ကြွ ဘ၀င်ကိုင် မရွှင်နိုင် လက်မှိုင်ချ သားကောင်ဘ၀ ရုန်းခါထပြီး ဥပေက္ခာ အတွေးသစ်နဲ့ စာသိအညီ စိတ်မရိုင်းစေဘဲ တာဒိလေ ဒီအတိုင်းစွဲရင်း အမွှေမဖက် အနေတတ် အသေမြတ်အောင် ကြိုးစားဖြတ်သန်းကြစို့လေ…။ (တာဒိ=ဒီအတိုင်း) ဓမ္မရနံ့
3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved." |









