Wednesday 8th of September 2010

အပြစ် ရှုသင့် မရှုသင့် PDF Print E-mail
ဓမ္မစာပေများ - ဆောင်းပါးများ
Tuesday, 08 December 2009 16:17

flowersအပြစ်ကိုသာ မရူရာ

ပရဝဇ္ဈာ နုပဿိဿ၊ နိစ္စံ ဥဇ္ဈာန သညိနော၊

အာသဝေါ တဿ ၀ဎုန္တိ၊ အာရာ သော အာသဝက္ခယာ။

(ဓမ္မပဒ၊ မလဝဂ်၊ ဥဇ္ဈာနသညိတ္ထေရဝတ္ထု)

သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏။ ထိုသူသည် အာသဝေါကုန်ခြင်း (နိဗ္ဗာန်မှ ဝေးကွာ၏။

န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ၊

အတၱေနာဝ အေဝေကၡယ်၊ ကတာနိ အကတာနိစ။

(ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ပါဝေယျအာဇီဝကဝတ္ထု)

သူတစ်ပါးတို့၏ မလျော်သောအမှုတို့ကို မရှုမဆင်ခြင်ရာ။ ကောင်းမှု၊ မကောင်းမှု ပြု/မပြုကို မရှုမဆင်ခြင်ရာ။ မိမိပြုပြီးသော ကောင်းမှု တို့ကိုလည်းကောင်း၊ မပြုရသေးသော ကုသိုလ်တို့ကိုလည်းကောင်း ကြံတွေးဆင်ခြင်ရာ၏။

သံသရာလောကကြီးထဲမှာ ကျင်လည်နေရသေးတဲ့နောက် သူသူကိုယ်ကိုယ် အပြစ်မကင်းသူ ပုထုဇဉ်တွေချည်းပဲမို့ သာမညအပြစ်လေးတွေကို အာသဝေါ အပွါးခံပြီး လျှောက်ရှာလိုက်ကြည့် ပုံကြီးချဲ့မနေဘဲ စိတ်ထားကြီးကြီးနဲ့ နားလည်ပေးနိုင်၊ ခွင့်လွှတ်နိုင်မယ်ဆိုရင်ဖြင့် ဗုဒ္ဓရဲ့ တပည့်သားသမီး ပီသကြမှာပါပဲ။

အပြစ်ကိုသာ ရှုလိုက်စမ်းပါ

အပြစ်မမြင်တော့ ချစ်ခင်တယ်။

ချစ်ခင်လို့ အပြစ်မမြင်တော့ပါ… တဲ့။ စကားနှစ်မျိုး ရှိပါတယ်။

အပြစ်မမြင်လို့ဘဲ ချစ်ခင်ခင်၊ ချစ်ခင်လို့ဘဲ အပြစ်မမြင်မြင်။ (မမြင်မသိမှု) အဝိဇ္ဇာနဲ့ (ချစ်ခင်မှု) တဏှာဆိုတဲ့ ဝဋ်မြစ်-၂ပါး ဖြစ်နေတာမို့ ဝဋ်ဆင်းရဲ သံသရာကြီးကတော့ ရပ်မရ၊ ထိန်းမရ လည်နေဦးမှာပါပဲ။ ရုပ်နာမ်ခန္ဓာတို့ရဲ့ အပြစ်ကိုမြင်တဲ့  အာဒီနဝဉာဏ်ကိုရမှ လွတ်မြောက်ချင်တဲ့ မုဉ္စိတုကမျတာဉာဏ် ဖြစ်လာမှာပါ။ ဒီဉာဏ်တွေဟာ ဝိပဿနာဉာဏ်တွေ ဖြစ်ပါတယ်။  ဝိပဿနာဉာဏ်ရမှလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရပြီး နိဗ္ဗာန်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သံသရာလောကကြီးထဲက ထွက်မြောက်ချင်တယ် ဆိုရင်ဖြင့် အပြစ်က မမြင်လို့ကို မဖြစ်ပါဘူး။ မြင်ကိုမြင်ရမှာပါ။

ဒါ့ကြောင့် အပြစ်မရှုရရင် မနေနိုင်ပါဘူး ဆိုသူများကိုလည်း အားကျကြည်ညို သာဓုခေါ်ပါတယ်။ အဲ… ဒါပေမယ့် ဗုဒ္ဓအလိုတော်ကျ ရုပ်နာမ်တို့ရဲ့ အပြစ်ကိုပဲ အကုသိုလ်ကင်းကင်းနဲ့ ရှုသူဖြစ်ဖို့တော့ လိုပါတယ်နော်။

 

ဓမ္မရနံ့

ရေးသားမှုများ
အသစ်ရေးမယ်ဆိုရင် ရှာဖွေရန်
+/-
မှတ်ချက်ရေးသားရန်
နာမည်:
အီးမေးလ်:
 
ဆိုဒ်အမည်:
ခေါင်းစဉ်:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."