Wednesday 8th of September 2010

ဆောင်းပါးများ
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း PDF Print E-mail
ဓမ္မစာပေများ - ဆောင်းပါးများ
Friday, 02 July 2010 10:31

Light"'အသင်္ချေ ဆိုတာ မရေမတွက်နိုင်အောင် များပြားသော' လို့ အဓိပ္ပါယ်ရပါတယ်။ (မရေမတွက်နိုင်ဘူးလည်း ဆိုသေးတယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ ဘာလို့များ ပြောကြပါလိမ့်လို့လည်း အတွေးတစ်စ ဖြစ်ခဲ့ဖူးပါတယ်။)

တစ်နည်းပြောရရင် အသင်္ချေ = ၁ နောက်တွင် သုညပေါင်း ၁၄ဝ လုံးရှိတယ်လို့လည်း ဆိုပါတယ်။ လေးအသင်္ချေရေတွက်ပုံကတော့ ...

(၁) ဒီပင်္ကရာမြတ်စွာဘုရားပွင့်တော်မူတဲ့ ဝရကမ္ဘာ = (ဘုရား-၄ဆူ ပွင့်တဲ့ကမ္ဘာ) ကုန်ဆုံးသွားပြီးနောက် မရေမတွက်နိုင်အောင် များပြားတဲ့ ကမ္ဘာပေါင်းများစွာ ဘုရားမပွင့်လို့ သုညကမ္ဘာအသင်္ချေ ကြာသွားပါတယ်။ အဲဒါကို 'သေလ အသင်္ချေ'လို့ ခေါ်ပါတယ်။

Read more...
 
နီးနီးဝေးဝေး ရန်သူ PDF Print E-mail
ဓမ္မစာပေများ - ဆောင်းပါးများ
Thursday, 01 July 2010 09:32

'Treeမေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ' ဆိုတဲ့ မေတ္တာပို့လေးကို ကြားဖူးကြမှာပါ။ အကျိုးစီးပွားကို လိုလားခြင်း သဘောရှိတဲ့ မေတ္တာရဲ့ ဆန့်ကျင်ဘက်ရန်သူဟာ ဒေါသဆိုတာ အလွန်ထင်ရှားပါတယ်။

ဒါပေမယ့် ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူပါ။ ရေနဲ့ မီး၊ အအေးနဲ့ အပူ၊ ကောင်းကွက်ရှုတာနဲ့ မကောင်းကွက်ရှုတာ အဲဒီလို သဘောအားဖြင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေလို့ ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူ ဖြစ်ရတာပါ။ မေတ္တာလည်း ပွားမယ်။ ဒေါသလည်း ထွက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မေတ္တာပွားနေရင် ဒေါသမလာနိုင်ပါဘူး။

Read more...
 
ကံစီမံခြင်း မခံရအောင် PDF Print E-mail
ဓမ္မစာပေများ - ဆောင်းပါးများ
Thursday, 25 March 2010 13:35

2838699666_96047e733dကားဖူးတာလေး တစ်ခုက... သားသတ်လိုင်စင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတ်ဖြတ်နေရင် စီးပွားတွေ တက်နေပြီး မကောင်းမှန်းသိလို့ အခြားသမ္မာအာဇီဝ အလုပ်လုပ်ရင် စီးပွားတွေ ကျပါသတဲ့။

အဲဒါ ဘာကြောင့်ပါလဲ၊ ကံက စီမံနေလို့ပါပဲ..။

ချမ်းသာတာဟာ အတိတ်က ကောင်းမှုကြောင့်ဆိုရင် ပစ္စုပ္ပန်မကောင်းမှုက အတိတ်ကောင်းမှုကို ထောက်ပံ့လို့ ချမ်းသာတာလား။ မဟုတ်ပါဘူး။ နှိပ်စက်လို့ ချမ်းသာတာပါ။ ဘယ်လိုနှိပ်စက်လဲဆိုရင် ကောင်းမှုအကျိုးတွေ မြန်မြန်ကုန်သွားအောင် နှိပ်စက်တာပါ။ ဒါမှ မကောင်းမှုအသစ်ရဲ့ အကျိုးတွေ မြန်မြန်ဝင်နိုင်ပါမယ်။ (ပျားရည်သုတ်ထားတဲ့ ဓားသွားကို လျှက်နေသလို ပျားရည်က ပါးပါးလေးရယ်ပါ။ အဲဒါကို အဟုတ်ထင်ပြီး ဆက်လျှက်နေရင် လျှာပြတ်ဖို့ပဲရှိပါတယ်။) (အကျိုးမပေးသေးခင်တော့ မကောင်းမှုကို ပျားသကာလို ထင်ကြတယ်လို့ ဓမ္မပဒထဲမှာ ဥပ္ပလဝဏ္ဏာထေရီကို ဖျက်ဆီးတဲ့ နန္ဒလုလင်နဲ့ ပက်သတ်ပြီး မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။)

Read more...
 
၁၅ဝဝ နဲ့ ၅၂၈ PDF Print E-mail
ဓမ္မစာပေများ - ဆောင်းပါးများ
Monday, 22 February 2010 18:32

1500528 ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။

ကိလေသာဆိုတာ စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်တဲ့၊ စိတ်ကို ညစ်ပေစေတတ်တဲ့ တရားဖြစ်ပါတယ်။

အဲဒီ ကိလေသာက (၁ဝ) ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့-

Read more...
 
ဘုရားရှင်၏ ဉာဏ်အားတော် (၁၀)ပါး PDF Print E-mail
ဓမ္မစာပေများ - ဆောင်းပါးများ
Friday, 22 January 2010 05:30

smBuddhismheadစာရေးသူတို့ ကျောင်းမှာ ညစဉ်ရှိခိုးကြတဲ့ ဘုရားရှင်ရဲ့ ဉာဏ်တော်(၁၀)ပါး ဘုရားရှိခိုးပါ။

ဒသဗလဉာဏေန- အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏

(၁)အကြောင်းဟုတ်သည် မဟုတ်သည်ကို သိမြင်တော်မူသော ဌာနာဌာနကောသလ္လဉာဏ်တော်၊

(၂) ကံ၏အမျိုး ကံ၏အကျိုးကို အမျိုးမျိုးပင် သိမြင်တော်မူသော ကမ္မ၀ိပါကကောသလ္လဉာဏ်တော်၊

(၃) ထိုထိုဂတိ အဂတိသို့ ရောက်ဘိအကြောင်း ကျင့်လမ်းကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော အနေကဓာတု နာနာဓာတု ဉာဏ်တော်၊

(၄) ဓာတ်အများနှင့် ဓာတ်အများတွင် ထူးခြားအင်ကို သိမြင်တော်မူသော အနေကဓာတု နာနာဓာတုဉာဏ်တော်၊

Read more...
 
<< Start < Prev 1 2 3 4 5 6 7 Next > End >>

Page 1 of 7